Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အကယ်၍ အသင်တို့အနက်တစ်ဦးတစ်ယောက်၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ၎င်းသည် ထိုမြစ်ထဲ၌ နေ့စဉ်ငါးကြိမ် ရေဆင်းချိုးပါက သင်တို့မည်သို့ ထင်မြင်ပါသနည်း။ ထိုရေချိုးခြင်းက ၎င်းထံတွင် အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေမည်လော။ သာဝကကြီးများက ၎င်း၌ အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေလိမ့်မည် မဟုတ်ပါဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဆွလာသ်ငါးကြိမ်သည်လည်း ထိုပမာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို အကြောင်းခံ၍ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးတော်မူသည်။متفق عليه
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။متفق عليه
အိဗ်နေအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။متفق عليه
عن عائشة رضي الله عنها قالت: « خَسَفَتِ الشمس على عهد رسول الله صلى الله عليه وسلم فصَلَّى رسول الله صلى الله عليه وسلم بالناس. فأطال القيام، ثم ركع، فأطال الركوع، ثم قام، فأطال القيام -وهو دون القيام الأول- ثم ركع، فأطال الركوع -وهو دون الركوع الأول- ثم رفع فأطال القيام -وهو دون القيام الأول- ثم سجد، فأطال السجود، ثم فعل في الركعة الأخرى مثل ما فَعَل في الرَّكعة الأولى، ثم انصرف، وقد تَجَلَّتْ الشمس، فخَطَب الناس، فحَمِد الله وأَثْنَى عليه، ثُمَّ قال: إِنَّ الشَّمس والقمَر آيَتَان مِن آيات الله، لا ينْخَسِفَانِ لموت أحد ولا لِحَيَاته، فَإِذا رَأَيتُم ذلك فَادْعُوا اللَّه وكَبِّرُوا ، وصَلُّوا وتَصَدَّقُوا. ثم قال: يا أُمَّة مُحمَّد، واللهِ ما من أحد أغْيَرُ من الله أن يَزْنِيَ عبده أو تَزْنِيَ أَمَتُهُ. يا أُمَّةَ محمد، والله لو تعلمون ما أعلم لَضَحِكْتُمْ قليلا ولَبَكَيْتم كثيرا». وفي لفظ: «فاسْتَكَمَل أَرْبَع رَكَعَاتٍ وَأَرْبَع سَجَدَاتٍ».متفق عليه
عن عائشة رضي الله عنها قالت: «من كلِّ الليل أَوْتَرَ رسول الله صلى الله عليه وسلم : من أول الليل، وأوسطه، وآخره، وانتهى وِتْرُهُ إلى السَّحَرِ».متفق عليه
အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးကြပါ။ ၎င်းတို့ အသက်ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများ ခွဲလိုက်ကြပါ။رواه أبو داود
عن عبد الله بن زيد بن عَاصِم المازِنِي رضي الله عنه قال: «خرج النبي صلى الله عليه وسلم يَسْتَسْقِي، فتَوَجَّه إلى القبلة يدْعو، وحَوَّل رِدَاءه، ثم صلَّى ركعتين، جَهَرَ فيهما بالقِراءة». وفي لفظ «إلى الْمُصَلَّى».متفق عليه
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် သမ်း‌ဝေသောအခါ ပါးစပ်ပေါ်လက်အုပ်ထားပါ။(ထိုသို့မပြုပါက)ရှိုက်သွာန် ဝင်သွားပေလိမ့်မည်။رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။အကယ်၍ ကျွန်တော်ပြောလိုက်သည့်အရာသည် ကျွန်တော့်ညီနောင်၌ အမှန်တကယ်ရှိနေပါက မည်သို့ပါနည်းဟု ကိုယ်တော့်အား မေးမြန်းသည့်အခါ ကိုယ်တော်က အကယ်၍ သင်ပြောလိုက်သည့်အရာသည် ၎င်းထံတွင် အမှန်တကယ်ရှိမှသာ သင်အတင်းပြောဆိုခြင်းဖြစ်ပြီး အမှန်တကယ်မရှိပါက သင်သည် သူ့အား စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။رواه مسلم
عن ابن عمر رضي الله عنهما مرفوعا: «الظلم ظلمات يوم القيامة». عن جابر رضي الله عنهما مرفوعا: «اتقوا الظلم، فإن الظلم ظلمات يوم القيامة، واتقوا الشُّحَ؛ فإنه أَهْلَكَ من كان قبلكم».حديث ابن عمر -رضي الله عنهما-: متفق عليه. حديث جابر -رضي الله عنه-: رواه مسلم
ခေါင်လဟ် အလ်အန်စွာရီယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကျွန်မကြားသိခဲ့သည်။ လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။رواه البخاري
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ (မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။ အသင်တို့သည် (တစ်ဦးတစ်ယောက်အား) အပြစ်မရှာကြနှင့်၊ စူးစမ်းထောက်လှမ်းခြင်း မပြုကြနှင့်၊ တစ်ဦးကိုတစ်ဦး မနာလိုမဖြစ်ကြနှင့်၊ တစ်ဦးကိုတစ်ဦး ကျောမခိုင်းကြနှင့်၊ တစ်ဦးကိုတစ်ဦး မမုန်းတီးကြနှင့်၊ အို အလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ အသင်တို့ညီနောင်များဖြစ်ကြပါ။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးအား ဆဲရေး တိုင်းထွာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ပြီး၊ ၎င်းအား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ် သွေဖည်ခြင်းဖြစ်သည်။متفق عليه
عن عبد الله بن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : "إذا كنتم ثلاثة فلا يتناجى اثنان دون الآخَر، حتى تختلطوا بالناس؛ من أجل أن ذلك يحُزنه".متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”متفق عليه
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက် အကောင်းဆုံးသူမှာ အလွန်အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြသည်။အိဗ်နုမာဂျဟ်ကျမ်း။ - သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။ - အဒ်ဒါရိမီက ဆင့်ပြန်ခဲ့သည်။
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော့်အား မိန့်ကြားတော်မူခဲ့သည်။ သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: "لِيُسَلِّمِ الصغيرُ على الكبيرِ، والمارُّ على القاعدِ، والقليلُ على الكثيرِ" وفي رواية: "والراكبُ على الماشي".متفق عليه
အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။رواه مسلم
عن علي بن أبي طالب رضي الله عنه مرفوعاً: «إذا انْتَعَل أحدكم فليبدأ باليمين، وإذا نَزَعَ فليبدأ بالشمال، ولْتَكُن اليُمنى أولَهُما تُنْعَل، وآخِرَهُما تُنْزَع».متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما مرفوعاً: "كُلُوا، وَاشْرَبُوا، وَتَصَدَّقُوا، وَالْبَسُوا، غَيْرَ مَخِيلَة، وَلَا سَرَف".رواه ابن ماجه والإمام أحمد، وذكره البخاري في صحيحه تعليقًا مجزومًا به
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။رواه البخاري