Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။متفق عليه
မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။متفق عليه
မိက်ဒါဒ်ဗင်န်မအ်ဒီကရိဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။رواه أبو داود والترمذي والنسائي في الكبرى وأحمد
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။متفق عليه
عن عبد الله بن عمر رضي الله عنهما «أنَّ رسُول الله -صلَّى الله عليه وسلَّم- دَخَل مكَّة مِن كَدَاٍء، مِن الثَنِيَّة العُليَا التِّي بالبَطحَاءِ، وخرج من الثَنِيَّة السُفلَى».متفق عليه
အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ”သူသည် ဟဂျ်‌ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"متفق عليه
عن أنس بن مالك رضي الله عنه أنَّ رَجُلاً كَانَ عِند النَبِيَّ صلى الله عليه وسلم فَمَرَّ رَجُلٌ بِهِ، فقال: يا رسول الله، أنِّي لَأُحِبُّ هَذَا، فَقَال لَهُ النَبِيُّ صلى الله عليه وسلم : «أَأَعْلَمْتَهُ؟» قال: لا. قال: «أَعْلِمْهُ»، فَلَحِقَهُ، فقال: إِنِّي أُحِبُّك فِي الله، فقال: أّحَبَّك الَّذِي أَحْبَبْتَنِي لَهُ.رواه أبو داود والنسائي في الكبرى وأحمد
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။متفق عليه
عن أبي موسى الأشعري رضي الله عنه قَالَ: قالَ رسول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «إِنَّ مِنْ إِجْلاَلِ الله -تَعَالَى-: إِكْرَامَ ذِي الشَّيْبَةِ المُسْلِمِ، وَحَامِلِ القُرْآنِ غَيرِ الغَالِي فِيه، وَالجَافِي عَنْه، وَإِكْرَام ذِي السُّلْطَان المُقْسِط».رواه أبو داود
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။رواه مسلم
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။رواه البخاري
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။رواه مسلم
عن عمران بن حصين رضي الله عنهما قَالَ: قَالَ رسولُ اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «الحَيَاءُ لاَ يَأْتِي إِلاَّ بِخَيرٍ». وفي رواية : «الحَيَاءُ خَيرٌ كُلُّهٌ» أو قال: «الحَيَاءُ كُلُّهُ خَيرٌ».الرواية الأولى: متفق عليها. الرواية الثانية والثالثة: رواها مسلم
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။متفق عليه، وهذا لفظ مسلم ورواه البخاري مختصرًا
كَانَ ابنُ عمرَ -رضِيَ الله عنهما- يَقُول لِلرَّجُل إِذَا أَرَادَ سَفَرًا: ادْنُ مِنِّي حَتَّى أُوَّدِعَكَ كَمَا كَان رسولُ الله -صلَّى الله عليه وسلَّم- يُوَدِّعُنَا، فَيقُول: «أَسْتَوْدِعُ الله دِينَكَ، وَأَمَانَتَكَ، وَخَوَاتِيمَ عَمَلِكَ». وعن عبد الله بن يزيد الخطمي رضي الله عنه- قال: كَانَ رسُول الله -صلَّى الله عليه وسلَّم- إِذَا أَرَادَ أَنْ يُوَدِّعَ الجَيشَ، قال: «أَسْتَودِعُ الله دِينَكُم، وَأَمَانَتَكُم، وخَوَاتِيمَ أَعْمَالِكُم».الحديث الأول: رواه أبو داود، والتَرمذي واللفظ له، وابن ماجه والنسائي في الكبرى وأحمد. الحديث الثاني: رواه أبو داود والنسائي الكبرى
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်သည်။ သူမကပြောသည်မှာ "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။"متفق عليه
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။متفق عليه
عن عبد الله بن زيد بن عاصم المازني رضي الله عنه قال: (شُكِيَ إلى النبيِّ صلى الله عليه وسلم الرَّجلُ يُخَيَّلُ إِليه أنَّه يَجِد الشَّيء في الصَّلاة، فقال: لا ينصرف حتَّى يَسمعَ صَوتًا، أو يَجِد رِيحًا).متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။ သို့မဟုတ် (အခြားတစ်မျိုးဖြင့်)ဟု ကိုယ်တော်က ပြောခဲ့သည်။رواه مسلم
عن شقيق بن سلمة رحمه الله قال: كان ابن مسعود رضي الله عنه يُذَكِّرُنا في كل خميس، فقال له رجل: يا أبا عبد الرحمن، لَوَدِدْتُ أنك ذَكَّرْتَنا كل يوم، فقال: أما إنه يمنعني من ذلك أني أكره أن أُمِلَّكُم، وإني أَتَخَوَّلُكُم بالمَوْعِظَةِ، كما كان رسول الله صلى الله عليه وسلم يَتَخَوَّلُنَا بها مَخَافَةَ السَّآمَةِ علينا.متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما مرفوعاً: «ليس منا من لم يَرحمْ صغيرنا، ويَعرفْ شَرَفَ كبيرنا».رواه أبو داود والترمذي وأحمد
عن يزيد بن حيان قال: انطلقت أنا وحُصين بن سَبْرَة وعمرو بن مسلم إلى زيد بن أرقم رضي الله عنه فلما جلسنا إليه قال له حصين: لقد لقيتَ يا زيد خيرًا كثيرًا، رأيتَ رسول الله صلى الله عليه وسلم وسمعتَ حديثه، وغزوتَ معه، وصليتَ خلفه: لقد لقيت يا زيد خيرًا كثيرًا، حدثنا يا زيد ما سمعت من رسول الله صلى الله عليه وسلم قال: يا ابن أخي، والله لقد كَبِرَتْ سني، وقَدُمَ عهدي، ونسيتُ بعض الذي كنت أَعِي من رسول الله صلى الله عليه وسلم فما حدثتكم فاقبلوا، وما لا فلا تُكَلِّفُونِيهِ. ثم قال: قام رسول الله صلى الله عليه وسلم يومًا فينا خطيبًا بماء يُدعى خُمًّا بين مكة والمدينة، فحمد الله، وأثنى عليه، ووعظ وذكَّر، ثم قال: «أما بعد، ألا أيها الناس، فإنما أنا بشر يُوشِكُ أن يأتي رسول ربي فأُجِيبَ، وأنا تاركٌ فيكم ثَقَلَيْنِ: أولهما كتاب الله، فيه الهدى والنور، فخذوا بكتاب الله، واستمسكوا به»، فحَثَّ على كتاب الله، ورغَّبَ فيه، ثم قال: «وأهل بيتي أُذَكِّرُكُمُ اللهَ في أهل بيتي، أُذَكِّرُكُمُ اللهَ في أهل بيتي» فقال له حصين: ومن أهل بيته يا زيد، أليس نساؤه من أهل بيته؟ قال: نساؤه من أهل بيته، ولكن أهل بيته من حُرِمَ الصدقةَ بعده، قال: ومن هم؟ قال: هم آل علي، وآل عقيل، وآل جعفر، وآل عباس. قال: كل هؤلاء حُرِمَ الصدقةَ؟ قال: نعم. وفي رواية: «ألا وإني تاركٌ فيكم ثَقَلَيْنِ: أحدهما كتاب الله وهو حبل الله، من اتبعه كان على الهدى، ومن تركه كان على ضلالة».رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ်‌ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့‌လေသလော။متفق عليه
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။متفق عليه