Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။رواه مسلم
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်အား ‘သရှဟ္ဟုဒ်’ကို ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်ကို သင်ပေးသည့်အတိုင်း သင်ကြားပေးတော်မူခဲ့သည်။ ထိုအခါ ကျွန်ုပ်၏လက်သည် ကိုယ်တော်၏ လက်နှစ်ဖက်ကြားတွင်ရှိသည်။ “အသ်သဟိယ္ယာသု လိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟ အိလ်လလ္လာဟု ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုရသော ခဝပ်မှုများသည်လည်းကောင်း၊ သန့်စင်သောစိတ်စေတနာနှင့်ပြုရသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်အပေါင်းသည် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်းသက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို သက်သေခံအပ်ပါသည်။ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။)متفق عليه
عن أبي موسى الأشعري رضي الله عنه قال: خَسَفَت الشمس على زمان رسول الله صلى الله عليه وسلم . فقام فَزِعًا، ويخشى أن تكون الساعة، حتى أتى المسجد، فقام، فصلى بأطول قيام وسجود، ما رأيته يفعله في صلاته قطُّ، ثم قال: إن هذه الآيات التي يُرْسِلُهَا الله عز وجل : لا تكون لموت أحد ولا لحياته، ولكن الله يُرْسِلُهَا يُخَوِّفُ بها عباده، فإذا رأيتم منها شيئا فَافْزَعُوا إلى ذكر الله و دُعَائِهِ وَاسْتِغْفَارِهِ.متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဒုအာကို တောင်းခံလေ့ရှိတော်မူသည်။ “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- သင်တို့အနက် တစ်ဦးတစ်ယောက်သည် နောက်ဆုံး “သရှဟ္ဟုဒ်” ပြီးဆုံးသွားသည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေချိန်နှင့် ကွယ်လွန်ချိန်တွင် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံခွင့်တောင်းခံပါ။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ သက္ကဗီရ်သဟ်ရီမဟ် ဆိုပြီးနောက် ကိရာအသ်ရွတ်ဖတ်မှု မပြုမီ ခေတ်တမျှတိတ်ဆိတ်စွာ နေတော်မူသည်။ ထို့ကြောင့် ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး၏ ဖခင်နှင့် မိခင်ကို ကိုယ်တော့်အပေါ် စွန့်လှူပါသည်။ ကိုယ်တော်သည် သက္ကဗီရ်နှင့် ကိရာအသ်ကြားတွင် တိတ်ဆိတ်စွာနတော်မူစဉ် အဘယ်အရာကို ရွတ်ဖတ်တော်မူပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငါကိုယ်တော် ဤသို့ရွတ်ဖတ်တော်မူသည်ဟု မိန့်ကြားတော်မူသည်။ ( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اَللّٰهُمَّ نَقِّنِيْ مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأََبْيَضُ مِنَ الدَّنَسِ، اَللّٰهُمَّ اغْسِلْنِيْ مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ ) (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်က အရှေ့အရပ်နှင့် အနောက်အရပ်အား ကွာလှမ်းစေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကျွန်တော်မျိုးနှင့် ဝေးကွာစေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ဖြူစင်သောအဝတ်အထည်မှ အညစ်အကြေးများကို ကောင်းမွန်စွာ လျှော်ဖွတ်ခြင်းကြောင့် အညစ်အကြေးများမှ ကင်းစင်စေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကင်းစင်စေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ဆီးနှင်းရေဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။متفق عليه
عن عبد الله بن عُمَر رضي الله عنه قال: «اسْتَأْذَنَ الْعَبَّاسُ بن عَبْدِ الْمُطَّلِب رسول الله صلى الله عليه وسلم : أن يبيت بمكة ليالي مِنى، من أجل سِقَايَتِه فأذن له».متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”متفق عليه
عن مرداس الأسلمي رضي الله عنه قَالَ: قَالَ النَّبِيُّ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ-: «يذهب الصالحون الأول فالأول، ويبقى حُثَالَةٌ كَحُثَالَةِ الشعير أو التمر لا يُبَالِيهُم الله بَالَةً».رواه البخاري
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ”رواه أبو داود والترمذي وأحمد
عن أنس بن مالك رضي الله عنه قال: كان أخوانِ على عهد النبي صلى الله عليه وسلم وكان أحدُهما يأتي النبي صلى الله عليه وسلم والآخر يَحتَرِف، فَشَكَا الُمحتَرِف أَخَاه للنبي صلى الله عليه وسلم فقال: «لعَلَّك تُرزَقُ بِهِ».رواه الترمذي
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည်။ ကတိုးကို သယ်ဆောင်သူသည် သင့်အားလက်ဆောင်ပေးမည်။ သို့မဟုတ် သင်သူ့ထံမှ ဝယ်ယူနိုင်မည်။ သို့မဟုတ် သူ့ထံမှ မွှေးကြိုင်သည့်ရနံ့ကို ရနိုင်မည်ဖြစ်သည်။ ပန်းပဲထိုးသူသည် သင်၏အဝတ်အစားကို လောင်ကျွမ်းစေမည်။ သို့မဟုတ် သင်သူ့ထံမှ အနံ့ဆိုးကို ရလိမ့်မည်ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုဆိုးမနှင့် ဆင်းရဲသားတို့အတွက် ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ သို့မဟုတ် ညတွင် ဆွလာသ်ဆောက်တည်ပြီး နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ။ ထိုအချိန်တွင် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ ၎င်းသည် လောကီအကျိုးစီးပွားအတွက် မိမိ၏သာသနာကို ရောင်းစားမည် ဖြစ်သည်။رواه مسلم
عن عائشة رضي الله عنها قالت: «ما غِرْتُ على أحد من نساء النبي صلى الله عليه وسلم ما غِرْتُ على خديجة رضي الله عنها ، وما رأيتها قط، ولكن كان يُكثر ذِكْرَها، وربما ذبح الشَّاةَ، ثم يُقطعها أَعْضَاءً، ثم يَبْعَثُهَا في صَدَائِقِ خديجة، فربما قلت له: كأن لم يكن في الدنيا إلا خديجة! فيقول: «إنها كانت وكانت وكان لي منها وَلَدٌ». وفي رواية: وإن كان لَيَذْبَحُ الشَّاءَ، فيُهدي في خَلَائِلِهَا منها ما يَسَعُهُنَّ. وفي رواية: كان إذا ذَبَحَ الشَّاةَ، يقول: «أرسلوا بها إلى أصدقاء خديجة». وفي رواية: قالت: اسْتَأْذَنَتْ هالة بنت خويلد أخت خديجة على رسول الله صلى الله عليه وسلم فعرف استئذان خديجة، فارْتَاحَ لذلك، فقال: «اللهم هالة بنت خويلد».الرواية الأولى: متفق عليها. الرواية الثانية: متفق عليها. الرواية الثالثة: متفق عليها. الرواية الرابعة: متفق عليها
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။متفق عليه
ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ် လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ)က ပြောပြခဲ့သည်။ ထိုအခါ ကျွန်မ က "အို အ လ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန်မတို့ထဲတွင် သူတော် ကောင်းများ ရှိနေသေးသည့်တိုင် ကျွန်မတို့ ပျက်စီးကြရမည်လား" ဟု ပြန်လည် မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ်၊မကောင်းမှုတွေ များပြားလာတယ့်အခါ (ထိုသို့ဖြစ်လာလိမ့်)" ဟု မိန့်ကြားတော်မူခဲ့သည်။متفق عليه
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။متفق عليه
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။"رواه الترمذي وأحمد
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။ ၎င်းက( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ ၎င်း(အသွာအ် ဗင်န် အဗီရဘာဟ်)က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မဟာ တက်( ဝက်ရူးပြန် )တယ့် ရောဂါကြောင့် လဲကျသွားရင် ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ထိုအခါ သူမက ကျွန်မသည်းခံပါမယ်။ ဒါပေမယ့် ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများကိုသာ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။متفق عليه
عن عائشة رضي الله عنها أَنَّها سَأَلَت رسول الله صلى الله عليه وسلم عن الطَّاعُون، فَأَخبَرَها أَنَّه كَان عَذَابًا يَبعَثُه الله تعالى على من يشاء، فَجَعَلَه الله تعالى رحمَة للمؤمنين، فليس من عبدٍ يقع في الطَّاعُون فَيَمكُث فِي بَلَدِه صَابِرًا مُحتَسِبًا يعلَم أَنَّه لايُصِيبُه إِلاَّ مَا كتَب الله له إلا كان له مِثلُ أجرِ الشَّهيدِ.رواه البخاري
عن أبي هريرة رضي الله عنه مرفوعًا: «يقول الله تعالى : ما لِعَبدِي المُؤمن عِندِي جَزَاء إِذَا قَبَضتُ صَفِيَّه مِنْ أَهلِ الدُّنيَا ثُمَّ احْتَسَبَه إِلاَّ الجنَّة».رواه البخاري
عن أبي هريرة رضي الله عنه مرفوعاً: «أتدرون من المفلس؟» قالوا: المُفْلِس فينا من لا دِرهَمَ له ولا مَتَاع، فقال: «إن المفلس من أمتي من يأتي يوم القيامة بصلاة وصيام وزكاة، ويأتي وقد شَتَمَ هذا، وقذف هذا، وأكل مال هذا، وسَفَكَ دم هذا، وضرب هذا، فيعطى هذا من حسناته، وهذا من حسناته، فإن فنيت حسناته قبل أن يُقْضَى ما عليه، أخذ من خطاياهم فَطُرِحتْ عليه، ثم طُرِحَ في النار».رواه مسلم