Hadith for the World
Topic

ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

288 hadiths

288 hadiths

အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်။” ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် (ကောင်းမှုတစ်ခု) ရှိသေးသည်။ ၎င်းအားဖြင့် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင်‌ ပေးတော်မူခြင်းခံရမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။رواه مسلم
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)မှ ဆင့်ပြန်လာရှိသည်မှာ သူသည် သူ့ထံမှ ချေးငှားထားသူကို ရှာဖွေနေခဲ့သည်။ ထိုသူသည် ပုန်းအောင်းနေခဲ့၏။ ထို့နောက် ထိုသူ့အား တွေ့ရှိခဲ့ပြီး ထိုသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပါသည်" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါဟု ပြောဆိုခဲ့သည်။ ထိုသူက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ထိုအခါ အဗူကသာဒဟ်က ပြောခဲ့သည်မှာ - "ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းသူအား သက်သာချောင်လည်ခွင့်ပေးပါ သို့မဟုတ် သူ၏အကြွေးကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို) ပယ်ဖျက်ပေးလိုက်ပါ။''رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။متفق عليه
وعن سالم بن عبد الله بن عمر بن الخطاب رضي الله عنهم عن أبيه: أن رسول الله صلى الله عليه وسلم قال: « نِعْمَ الرَّجُلُ عبد الله، لو كان يُصلِّي من الليل» قال سالم: فكان عبد الله بعد ذلك لا يَنامُ من الليل إلا قليلًا.متفق عليه
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။"متفق عليه
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။"متفق عليه
ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။متفق عليه
တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်က ၎င်းအား အသက်နုတ်သိမ်းတော်မူတယ့်အထိ ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်‌တော်မူလေ့ရှိခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင်လည်း ကိုယ်တော် ၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။متفق عليه
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။متفق عليه
عَنْ جَابِرِ بْنِ عَبْدِ اللَّهِ رَضِيَ اللَّهُ عَنْهُما قَالَ: كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي سَفَرٍ، فَرَأَى زِحَامًا وَرَجُلًا قَدْ ظُلِّلَ عَلَيْهِ، فَقَالَ: «مَا هَذَا؟»، فَقَالُوا: صَائِمٌ، فَقَالَ: «لَيْسَ مِنَ البِرِّ الصَّوْمُ فِي السَّفَرِ»، وَفِي لَفْظٍ لِمُسلِمٍ: «عَلَيْكُمْ بِرُخْصَةِ اللهِ الَّذِي رَخَّصَ لَكُمْ».متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ် စောင့်ထိန်းပါလေ။"متفق عليه
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။متفق عليه
عن عائشة وأم سلمة رضي الله عنهما «أن رسول الله صلى الله عليه وسلم كان يُدْرِكُهُ الفجر وهو جُنٌبٌ من أهله، ثم يغتسل ويصوم ».متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။متفق عليه
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။"متفق عليه
عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا أقبل الليل من هَهُنا، وأَدْبَرَالنهار من ههنا، فقد أفطر الصائم».متفق عليه
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) (ဤသို့) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။متفق عليه
عَنْ أَبِي الحَوْرَاءِ السَّعْدِيِّ قَالَ: قُلْتُ لِلْحَسَنِ بْنِ عَلِيٍّ رضي الله عنهما: مَا حَفِظْتَ مِنْ رَسُولِ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ؟ قَالَ: حَفِظْتُ مِنْ رَسُولِ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «دَعْ مَا يَرِيبُكَ إِلَى مَا لاَ يَرِيبُكَ، فَإِنَّ الصِّدْقَ طُمَأْنِينَةٌ، وَإِنَّ الكَذِبَ رِيبَةٌ».رواه الترمذي والنسائي وأحمد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျမာအသ်ဖြင့် စုပေါင်းဆောက်တည်သည့်ဆွလာသ်သည် မိမိအိမ်တွင်လည်းကောင်း၊ ဈေးတွင်လည်းကောင်း (တစ်ကိုယ်တည်း) ဆောက်တည်သည့် ဆွလာသ်ထက် အဆပေါင်း နှစ်ဆယ်ကျော် သာပိုမွန်မြတ်သည်။ အဘယ်ကြောင့်ဆိုသော် အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူကို ကောင်းမွန်ကျနစွာပြုလုပ်မည်။ ထို့နောက် ဆွလာသ်အတွက်သာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဆွလာသ်ဆောက်တည်ရန်သာ ရည်ရွယ်ခဲ့မည်ဆိုလျှင် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည်အထိ ၎င်းသူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အဆင့်အတန်းတစ်ခု တိုးမြှင့်ပေးခြင်းခံရပြီး ၎င်းထံမှ မကောင်းမှုတစ်ခု ပယ်ဖျက်ပေးခြင်းခံရမည်။ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ဆွလာသ်ဆောက်တည်ရန် စောင့်ဆိုင်းနေသမျှ ဆွလာသ်ထဲတွင် ရှိနေ(သည့် အကျိုးကုသိုလ် ရရှိ)မည်။ ထိုသူသည် ဆွလာသ်ဆောက်တည်ခဲ့သည့်နေရာတွင် ရှိနေပြီး (မည်သူ့ကိုမျှ) ဒုက္ခမဖြစ်စေသမျှ၊ ဝုဿွူရှိနေသမျှ မလာအိကဟ် ကောင်းကင်တမန်များက အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ကရုဏာထားတော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ခွင့်လွှတ်တော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်း၏ သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူပါဟု ဆုတောင်းပေးကြမည်ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
عن أبي ذر رضي الله عنه قال: قال النبي صلى الله عليه وسلم :«عُرِضَتْ عَلَيَّ أعمالُ أُمتي، حَسَنُهَا وسَيِّئُهَا فَوَجَدتُ في مَحَاسِنِ أَعْمَالِهَا الأَذَى يُمَاطُ عَنِ الطَّرِيقِ، ووَجَدتُ في مَسَاوِئِ أَعْمَالِهَا النُّخَاعَةُ تَكُونُ في المَسْجِدِ لا تُدْفَنُ».رواه مسلم