Hadith for the World
Tap the image to view it full size
အတ္ထုပ္ပတ္တိနှင့် သမိုင်း။

အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။

Available in 56 languages
«အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

အဘူစအီဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လင်ယောက်ျားများနှင့် အိမ်ထောင်မပြု၊ မပေါင်းသင်းရသေးသော အိမ်၏အတွင်းပိုင်း၌သာ နေထိုင်သည့် အပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသူဖြစ်သည်။ တမန်တော်မြတ်သည် အလွန်အရှက်တရားကြီးမားမှုကြောင့် တစ်စုံတစ်ရာကို မနှစ်သက်လျှင် ကိုယ်တော့်၏မျက်နှာတော်မှာပြောင်းလဲသွားတတ်သည်။ သို့သော် ထိုအကြောင်းကို နှုတ်ဖြင့် ထုတ်ဖော်‌လေ့မရှိပေ။ သို့သော် ကိုယ်တော့်၏ တပည့်သာဝကများသည် ကိုယ်တော်မြတ်၏ မျက်နှာထားမှတစ်ဆင့် ထိုအရာကိုကိုယ်တော် မနှစ်သက်ကြောင်း သိရှိနားလည်ကြလေသည်။

Source
متفق عليه
Download image

Saved at original quality