Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

စဟ်လ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 44 languages
«စဟ်လ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ “ရိုင်ယ်ယားန်” ဟု ခေါ်သော တံခါးတစ်ခုရှိ၏။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ ထို့နောက် သူတို့ဝင်ရောက်ပြီးသောအခါ ထိုတံခါးကို ပိတ်လိုက်မည်။ သို့ဖြစ်၍ အခြားမည်သူမျှ ထိုတံခါးမှ မဝင်ရောက်ရတော့ပေ။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံ၏ တံခါးများထဲတွင် ‘ရိုင်ယ်ယားန်’ ဟုခေါ်သော တံခါးတစ်ပေါက်ရှိသည်။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြပြီး ဝင်ရောက်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့်မရပေ။ ထိုသူတို့အနက်မှ နောက်ဆုံးလူ ဝင်ရောက်သွားသည်နှင့် ထိုတံခါးကို ပိတ်လိုက်မည်ဖြစ်ရာ ထိုနောက်ပိုင်း မည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့် ရတော့မည်မဟုတ်ပေ။

Source
متفق عليه
Download image

Saved at original quality