Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။متفق عليه
عن أنس بن مالك رضي الله عنه مرفوعًا: «من قال -يعني: إذا خَرج من بَيتِه-: بِسم الله تَوَكَّلتُ على اللهِ، وَلاَ حول ولا قُوَّة إِلَّا بالله، يُقَال له: هُدِيتَ وَكُفِيتَ وَوُقِيتَ، وَتَنَحَّى عَنه الشَّيطَان». زاد أبو داود: «فيقول -يعني: الشيطان- لِشَيطان آخر: كَيف لَك بِرَجلٍ قَد هُدِيَ وكُفِيَ ووُقِيَ؟».رواه أبو داود والترمذي
عن معاذ بن جبل رضي الله عنه عن رسول الله صلى الله عليه وسلم أنه قال: «قَالَ اللهُ -عَزَّ وجَلَّ-: المُتَحَابُّون فِي جَلاَلِي، لَهُم مَنَابِرُ مِن نُورٍ يَغْبِطُهُم النَبِيُّونَ والشُهَدَاء».رواه الترمذي وأحمد
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်း၏လက်ကို ကိုင်၍ မိန့်ကြားခဲ့သည်မှာ - "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်။ အို-မုအာဇ် ငါကိုယ်တော် အသင့်အား အကြံပေးတိုက်တွန်းပါသည်။ ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။رواه أبو داود والنسائي وأحمد
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်‌တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ စွိယာမ်ဥပုသ်‌ စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေး သော ) ဒိုင်းတစ်ခုပမာဖြစ်၏။ သို့ဖြစ်၍ သင်တို့အနက်တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုလည်းကောင်း၊ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းကိုလည်းကောင်း မပြုလုပ်ကြရပေ။အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား ဆဲဆိုမ ကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ အကြင်အရှင်မြတ်၏ ကစမ်၊ ထိုအရှင်၏ လက်တော်ဝယ် မုဟမ္မဒ်၏ အသက်ဇီဝိန် ရှိသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ ပါးစပ်(မှထွက်သော)အနံ့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကတိုးနံ့ထက် ပို၍မွှေးကြိုင်လှပေသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန် ဝမ်းမြောက်ပျော်ရွှင်၍၊ အခြားတစ်ခုမှာ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။متفق عليه
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။رواه أبو داود
အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။رواه البخاري
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။رواه الترمذي والنسائي في الكبرى وابن ماجه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။رواه مسلم
အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ၊ ရွှေငွေများ လှူဒါန်းခြင်းထက်လည်း သာလွန်ကောင်းမြတ်ပြီး ( ဂျိဟာဒ်စစ်ပွဲတွင် )ရန်သူတို့နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှခြင်း (သို့) သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲခြင်းထက်ပင် သာလွန်ကောင်းမြတ်သော အမလ်တစ်ခုကို အသိ ပေးမတင်ပြရဘူးလား။" ထိုအခါ စွဟာဗဟ်များက " အမှန်ပင် တင်ပြမိန့်ကြားပါ" ဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ် )က မိန့်ကြားတော်မူသည်မှာ "ထို အရာသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းပင်ဖြစ်သည်။رواه الترمذي وابن ماجه وأحمد
ဆုလိုင်မားန် ဗင်န် စွုရဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူထိုင်နေစဉ် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာနေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟု မိန့်တော်မူသည်။ ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုအခါ ထိုသူက "ကျွန်ုပ် ရူးသွပ်နေတယ်လို့ (ထင်နေကြသလား)" ဟုပြန်ပြောလေသည်။متفق عليه
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။رواه البخاري
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။رواه مسلم
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ‌လေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။"متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «يَغْفِرُ الله للشَّهيد كُلَّ شيءٍ إلا الدَّين». وفي رواية له: «القَتْل في سَبِيل الله يُكَفِّر كلَّ شيءٍ إلا الدَّين».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။رواه مسلم
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းမှန်တရားကိုလည်းကောင်း၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်းကိုလည်း ကောင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကိုလည်းကောင်း၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့် တမှုကင်းခြင်းကို လည်းကောင်း အရှင်မြတ်ထံ တောင်းခံပါ ၏။رواه مسلم
عن أبي هريرة، عن النبي صلى الله عليه وسلم قال: «إن العبد لَيَتَكَلَّمُ بالكلمة من رِضْوَانِ الله تعالى ما يُلْقِي لها بَالًا يَرْفَعُهُ الله بها درجاتٍ، وإن العبد لَيَتَكَلَّمُ بالكلمة من سَخَطِ الله تعالى لا يُلْقِي لها بَالًا يَهْوِي بها في جهنم». وعن أبي عبد الرحمن بلال بن الحارث المزني رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «إن الرجل لَيَتَكَلَّمُ بالكلمة من رِضْوَانِ الله تعالى ما كان يظن أن تبلغ ما بَلَغَتْ يكتب الله له بها رِضْوَانَهُ إلى يوم يَلْقَاهُ، وإن الرجل لَيَتَكَلَّمُ بالكلمة من سَخَطِ الله ما كان يظن أن تبلغ ما بَلَغَتْ يكتب الله له بها سَخَطَهُ إلى يوم يَلْقَاهُ».حديث أبي هريرة -رضي الله عنه-: رواه البخاري. حديث بلال المزني -رضي الله عنه-: رواه الترمذي وابن ماجه ومالك وأحمد
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «إنَّ في الجنَّة مائةَ دَرَجَة أعَدَّهَا الله للمُجاهِدين في سَبِيل الله ما بَيْنَ الدَّرَجَتَيْنِ كما بين السماء والأرض».رواه البخاري
عن جابر رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «إن في الليل لساعة، لا يُوَافِقُهَا رجُلٌ مُسلم يَسأل الله تعالى خيرًا من أمْرِ الدنيا والآخرة، إلا أعْطَاه إِياه، وذلك كُلَّ ليلة».رواه مسلم
عن أبي هريرة رضي الله عنه : أن رجلًا أتى النبي صلى الله عليه وسلم يَتَقَاضَاهُ فَأغْلَظَ له، فَهَمَّ به أصحابه، فقال رسول الله صلى الله عليه وسلم : «دَعُوه، فإن لِصَاحب الحَقِّ مَقَالا» ثم قال: «أعْطُوهُ سِنًّا مِثْل سِنِّهِ» قالوا: يا رسول الله، لا نَجِدُ إلا أمْثَلَ مِنْ سِنِّهِ، قال: «أعْطُوه، فإن خَيْرَكم أحْسَنُكُم قَضَاء».متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"متفق عليه
ရှိုရိုင်ဟ် ဗင်န် ဟာနိအ်က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။رواه مسلم