Hadith for the World
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ခဝပ်ကိုးကွယ်မှုဆိုင်ရာ ဖိကဟ်။

231 hadiths

231 hadiths

အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်- (၁) နေထွက်စပြုချိန်မှ နေမြင့်တက်လာချိန်အထိ၊ (၂) နေမွန်းတည့်ချိန်မှ အနောက်သို့ စတင်ယိုင်ဆင်းသည်အထိ၊ (၃) နေဝင်စပြုချိန်မှ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။"رواه مسلم
عن جُبير بن مُطعم رضي الله عنه مرفوعًا: «لا تَمْنَعُوا أحدًا يطوف بهذا البيت، ويصلي أي سَاعة شاء من لَيل أو نَهار».رواه أبو داود وأحمد والترمذي والنسائي وابن ماجه والدارمي
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။رواه البخاري
အဗူမရ်ဆဒ် အလ်ဂနဝီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။رواه مسلم
عن عبد الله بن الشِّخِير رضي الله عنه قال: «رأيت رسول الله صلى الله عليه وسلم يُصَلِّي، وفي صَدره أَزِيزٌ كَأَزِيزِ الرَّحَى من البُكَاءِ صلى الله عليه وسلم ».رواه أبو داود والنسائي وأحمد
عن أنس بن مالك رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «إذا قُدِّمَ العَشَاءُ ، فابدءوا به قبل أن تُصَلُّوا صلاة المغرب، ولا تَعْجَلوا عن عَشَائِكم».متفق عليه
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم رأى نُخْامَة في القِبْلَة، فَشَقَّ ذلك عليه حتى رُئِي في وجْهِه، فقام فَحَكَّه بِيَده، فقال: «إن أحدكم إذا قام في صلاته فإنه يُنَاجِي رَبَّه، أو إن رَبَّه بينه وبين القِبْلَة، فلا يَبْزُقَنَّ أحدُكم قِبَل قِبْلتِه، ولكن عن يَسَاره أو تحت قَدَمَيه» ثم أخذ طَرف رِدَائِه، فَبَصَقَ فيه ثم ردَّ بَعْضَهُ على بعض، فقال: «أو يفعل هكذا».متفق عليه
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။"رواه البخاري
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် သူမ မြင်တွေ့ခဲ့သည့် ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား တင်ပြခဲ့သည်။ ထို့ပြင် ထိုကျောင်းထဲ၌ သူမ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများအကြောင်းကိုလည်း ကိုယ်တော့်အား တင်ပြခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကို ကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။متفق عليه
عن ابن عباس -رضي الله عنهما- قال: كَشف رسول الله صلى الله عليه وسلم السِّتَارة والناس صُفوف خَلف أبي بَكر، فقال: «أيها الناس، إنه لم يَبْق من مُبَشِّرَاتِ النُّبُوَّةِ إلا الُّرؤيا الصَّالحة، يَراها المُسلم، أو تُرى له، ألا وإنِّي نُهِيت أن أقْرَأ القرآن راكِعا أو ساجِدا، فأما الرُّكوع فعظِّموا فيه الرَّب عز وجل ، وأما السُّجود فَاجْتَهِدُوا في الدُّعاء، فَقَمِنٌ أن يُستَجاب لكم».رواه مسلم
عن الحكم قال: غَلَب على الكُوفة رجُل -قد سَمَّاه- زَمَنَ ابن الأشْعَث، فأمر أبَا عُبيدة بن عبد الله أن يصلِّي بالناس، فكان يصلِّي، فإذا رَفع رأسه من الرُّكوع قام قَدْر ما أقُول: اللَّهُم ربَّنا لك الحَمد، مِلْءَ السَّماوات ومِلْءَ الأرض، ومِلْءَ ما شِئت من شَيء بعد، أهْل الثَّناء والمَجد، لا مانع لما أعْطَيت، ولا مُعْطِي لما مَنعت، ولا يَنفع ذَا الجَدِّ مِنْك الجَدِّ. قال الحَكم: فَذَكَرت ذلك لعَبد الرَّحمن بن أبي ليلى فقال: سمعت البَرَاء بن عَازب يقول: «كانت صلاة رسول الله صلى الله عليه وسلم وركُوعه، وإذا رفع رأسه من الرُّكوع، وسُجوده، وما بَيْن السَّجدتين، قريبًا من السَّوَاء» قال شُعبة: فذَكَرْتُه لِعَمرو بن مُرَّة فقال: قد رأيت ابن أبي ليلى، فلم تَكن صلاته هكذا.رواه مسلم
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ နဖူး၊ (ကိုယ်တော်သည် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြခဲ့သည်။) လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် အဝတ်များ၊ ဆံပင်များကို စုပြီးကိုင်မထားရန် အမိန့်ပေးခြင်းခံရသည်။متفق عليه
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။رواه أبو داود والترمذي وابن ماجه وأحمد
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم : كان لا يقنت إلا إذا دعا لقوم، أو دعا على قوم.رواه ابن خزيمة
ဆောင်ဗာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ) ဝလီးဒ် ကပြောပြခဲ့သည်။ ကျွန်တော်က အောင်ဇာအီအား အစ္စသိဂ်ဖာရ် မည်သို့ ဖတ်ရမည်နည်းဟု မေးမြန်းခဲ့ရာ ၎င်းက “အတ်စ်သဂ်ဖိရုလ္လာဟ်” “အတ်စ်သဂ်ဖိရုလ္လာဟ်” ဟူ၍ဖတ်ပါဟု ပြောကြားခဲ့သည်။رواه مسلم
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။"رواه مسلم
အဗူအုမာမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။رواه النسائي في الكبرى
အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။رواه البخاري
عن عائشة رضي الله عنها ، قالت: «قامَ النبي صلى الله عليه وسلم بآيةٍ مِنَ القرآن ليلةً».رواه الترمذي
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်။ အကယ်၍ သူသည် ( ၅ ) ရကအသ် ဝတ်ပြုခဲ့ပါက ဤစဂ်ျဒဟ်နှစ်ကြိမ်သည် သူ၏ဆွလာသ်ကို စုံကိန်း (၆ ရကအသ်) ဖြစ်စေမည်။ အကယ်၍ သူသည် ( ၄ ) ရကအသ် အပြည့်ဝတ်ပြုခဲ့ပါက ဤ စဂ်ျဒဟ် နှစ်ကြိမ်သည် ရှိုင်တွာန်အတွက် နှိမ့်ကျသေးသိမ်မှု၊ အရှက်တကွဲအကျိုးနည်းမှု၏ အကြောင်းခံ ဖြစ်စေမည်။رواه مسلم
عن أبي رافع أن أبا هريرة رضي الله عنه قرأ لهم: «إذا السماء انْشَقَّتْ» فسجد فيها، فلما انصَرَفَ أخبرهم أن رسول الله صلى الله عليه وسلم سجد فيها.متفق عليه
عن أبي بكرة، عن النبي صلى الله عليه وسلم أنه كان «إذا جاءه أمرُ سرورٍ، أو بُشِّرَ به خَرَّ ساجدًا شاكرًا لله».رواه أبو داود وابن ماجه والترمذي وأحمد
عن حفصة رضي الله عنها «أن النبي صلى الله عليه وسلم كان يُصلي ركعتين خَفيفتين بعد ما يَطلع الفجر»، وفي رواية: قبل أن تُقام الصلاة.رواه البخاري
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် ဇုဟုရ်ဖရဿ်ွမတိုင်မီ (စွန္နသ်)လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ (စွန္နသ်) နှစ်ရကအသ်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။"رواه البخاري