ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ
Available in 56 languages
«အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။»Meaning translation ·
Saved at original quality








